"Wisdom is purified by morality, and morality is purified by wisdom. In other words, morality
purifies wisdom, and wisdom purifies morality."
The Motto of Mahāvihāra Dhamma Vinaya University
ဝိနည်းဂရုက၊ ပရိယတ္တိပညာရှင်၊ တက္ကသိုလ်အဓိပတိဆရာတော်။
Ph.D(UK) ၊ တက္ကသိုလ်အုပ်ချုပ်ရေးဗဟိုအဖွဲ့ နာယကဆရာတော်။
Ph.D ဓမ္မပါရဂူဘွဲ့၊ တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်။
တက္ကသိုလ်အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌဆရာတော်။
Pro Rector of University Senate
Pro Rector of University Senate
Pro Rector of Administrative Body
ဤတက္ကသိုလ်ကို လူတစ်ဦး၏ ကိုယ်ခန္ဓာကဲ့သို့ အစိတ်အပိုင်း (၃) ခုဖြင့် ပေါင်းစပ်တည်ဆောက်ထား ကြပေသည်။
ဦးခေါင်းပိုင်းနေရာတွင် ဆရာတော်ဘုရား (၄) ပါးရှိလေသည်။ ထိုဆရာတော်တို့မှာ-
(၁) ဘဒ္ဒန္တကဝိနန္ဒမဟာထေရ်၊ ဝိနည်းဂရုက၊ ပရိယတ္တိပညာရှင်၊ တက္ကသိုလ်အဓိပတိဆရာတော်။
(၂) ဒေါက်တာဘဒ္ဒန္တပဏ္ဍိတ၊ Ph.D(UK) ၊ တက္ကသိုလ်အုပ်ချုပ်ရေးဗဟိုအဖွဲ့ နာယကဆရာတော်။
(၃) ဒေါက်တာဘဒ္ဒန္တနန္ဒသေနာလင်္ကာရ Ph.D ဓမ္မပါရဂူဘွဲ့၊ တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်။
(၄) ဘဒ္ဒန္တဝိဇ္ဇာနန္ဒ၊ တက္ကသိုလ်အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌဆရာတော်။
ဤဆရာတော် (၄) ပါးတို့သည် ဦးခေါင်းနေရာမှ နေလျက်
(၁) ပိဋကကို မဏ္ဍိုင်ပြုပြီး ခေတ်မီ သာသနာပြုနည်းပညာတို့ကို (အင်္ဂလိပ်စာကို သင်ကြားမှုမဏ္ဍိုင်- Medium of Instruction အဖြစ်ထားရှိလျက်) လေ့လာသင်ကြား ဖြန့်ဖြူးမှုကို အားပေးသော ပညာဝန်းကျင်(ဝါ)ပညာရပ်ဝန်းတစ်ခု ပီပြင်စွာပေါ်ထွန်းလာစေရန်၊
(၂) ပြည်တွင်းပြည်ပမှ တော်သော်၊ကောင်းသော် ဆရာများ၏ စုဝေးရာနေရာ ဘူမိနက်သန် ဖြစ်လာစေရန်၊
(၃) စာသင်သားသံဃာတော်များနှင့် ဆရာများ ချမ်းသာစေရန်၊
(၄) အထူးသဖြင့် ပညာရှိသူတော်ကောင်းတို့ ၏ စိတ်တော်ကို ကျေနပ်စေနိုင်သော တကယ့် ဓမ္မဝိနယတက္ကသိုလ်ကြီးတစ်ခု ဖြစ်ထွန်းလာစေရန်ဟူသော မူ(၄) ချက်ကို ချမှတ်ကာ ဘုရားအလိုတော်ကျ လမ်းညွှန်ပဲ့ကိုင်တော်မူလျက် ရှိကြပေသည်။
© Mahavihara University. All Rights Reserved. || Designed by Studivert