“ပညာကိုသီလဖြင့်ထက်ဝန်းကျင်ဆေးကြောသုတ်သင်အပ်၏။ သီလကိုပညာဖြင့်ထက်ဝန်းကျင်ဆေးကြော သုတ်သင်အပ်၏။ တစ်နည်းပညာကိုသီလသည်ဖြူစင်စေအပ်သည်။ ပညာသည် သီလကြောင့်ဖြူစင်၏။ သီလကိုပညာသည်ဖြူစင်စေအပ်၏။သီလသည် ပညာကြောင့်ဖြူစင်၏။” - မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်၏ဆောင်ပုဒ်

ဆရာတော်ဘုရား ၁
ဘဒ္ဒန္တကဝိနန္ဒမဟာထေရ်

ဝိနည်းဂရုက၊ ပရိယတ္တိပညာရှင်၊ တက္ကသိုလ်အဓိပတိဆရာတော်။

ဆရာတော်ဘုရား ၂
ဒေါက်တာဘဒ္ဒန္တပဏ္ဍိတ

Ph.D(UK) ၊ တက္ကသိုလ်အုပ်ချုပ်ရေးဗဟိုအဖွဲ့ နာယကဆရာတော်။

ဆရာတော်ဘုရား ၃
ဒေါက်တာဘဒ္ဒန္တနန္ဒသေနာလင်္ကာရ

Ph.D ဓမ္မပါရဂူဘွဲ့၊ တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်။

ဆရာတော်ဘုရား ၄
ဘဒ္ဒန္တဝိဇ္ဇာနန္ဒ

တက္ကသိုလ်အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌဆရာတော်။

လူပုဂ္ဂိုလ်ဆိုင်ရာ ဒုတိယပါမောက္ခချုပ်များ

vp 1
ဒေါက်တာအေးချမ်း

သင်ကြားရေးဆိုင်ရာ ဒုတိယပါမောက္ခချုပ်

vp 2
ဒေါက်တာဟန်ဝင်း

သင်ကြားရေးဆိုင်ရာ ဒုတိယပါမောက္ခချုပ်

vp 3
ဒေါက်တာဇော်မင်းအောင်

စီမံရေးဆိုင်ရာ ဒုတိယပါမောက္ခချုပ်

vp 44

ဤတက္ကသိုလ်ကို လူတစ်ဦး၏ ကိုယ်ခန္ဓာကဲ့သို့ အစိတ်အပိုင်း (၃) ခုဖြင့် ပေါင်းစပ်တည်ဆောက်ထား ကြပေသည်။
ဦးခေါင်းပိုင်းနေရာတွင် ဆရာတော်ဘုရား (၄) ပါးရှိလေသည်။ ထိုဆရာတော်တို့မှာ-

(၁) ဘဒ္ဒန္တကဝိနန္ဒမဟာထေရ်၊ ဝိနည်းဂရုက၊ ပရိယတ္တိပညာရှင်၊ တက္ကသိုလ်အဓိပတိဆရာတော်။

(၂) ဒေါက်တာဘဒ္ဒန္တပဏ္ဍိတ၊ Ph.D(UK) ၊ တက္ကသိုလ်အုပ်ချုပ်ရေးဗဟိုအဖွဲ့ နာယကဆရာတော်။

(၃) ဒေါက်တာဘဒ္ဒန္တနန္ဒသေနာလင်္ကာရ Ph.D ဓမ္မပါရဂူဘွဲ့၊ တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်။

(၄) ဘဒ္ဒန္တဝိဇ္ဇာနန္ဒ၊ တက္ကသိုလ်အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌဆရာတော်။

ဤဆရာတော် (၄) ပါးတို့သည် ဦးခေါင်းနေရာမှ နေလျက်

(၁) ပိဋကကို မဏ္ဍိုင်ပြုပြီး ခေတ်မီ သာသနာပြုနည်းပညာတို့ကို (အင်္ဂလိပ်စာကို သင်ကြားမှုမဏ္ဍိုင်- Medium of Instruction အဖြစ်ထားရှိလျက်) လေ့လာသင်ကြား ဖြန့်ဖြူးမှုကို အားပေးသော ပညာဝန်းကျင်(ဝါ)ပညာရပ်ဝန်းတစ်ခု ပီပြင်စွာပေါ်ထွန်းလာစေရန်၊

(၂) ပြည်တွင်းပြည်ပမှ တော်သော်၊ကောင်းသော် ဆရာများ၏ စုဝေးရာနေရာ ဘူမိနက်သန် ဖြစ်လာစေရန်၊

(၃) စာသင်သားသံဃာတော်များနှင့် ဆရာများ ချမ်းသာစေရန်၊

(၄) အထူးသဖြင့် ပညာရှိသူတော်ကောင်းတို့ ၏ စိတ်တော်ကို ကျေနပ်စေနိုင်သော တကယ့် ဓမ္မဝိနယတက္ကသိုလ်ကြီးတစ်ခု ဖြစ်ထွန်းလာစေရန်ဟူသော မူ(၄) ချက်ကို ချမှတ်ကာ ဘုရားအလိုတော်ကျ လမ်းညွှန်ပဲ့ကိုင်တော်မူလျက် ရှိကြပေသည်။