“ပညာကိုသီလဖြင့်ထက်ဝန်းကျင်ဆေးကြောသုတ်သင်အပ်၏။ သီလကိုပညာဖြင့်ထက်ဝန်းကျင်ဆေးကြော သုတ်သင်အပ်၏။ တစ်နည်းပညာကိုသီလသည်ဖြူစင်စေအပ်သည်။ ပညာသည် သီလကြောင့်ဖြူစင်၏။ သီလကိုပညာသည်ဖြူစင်စေအပ်၏။သီလသည် ပညာကြောင့်ဖြူစင်၏။” - မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်၏ဆောင်ပုဒ်

တက္ကသိုလ်၏တရားဝင်ပြဌာန်းထားသောမူ

ဤတက္ကသိုလ်၏တရားဝင်ပြဌာန်းထားသောမူတစ်ခုမှာ
“ဝိနည်းပိဋကတ်၌လာသောသိက္ခာပုဒ်တော်များကို ထက်ဝန်းကျင်ပြည့်စုံစွာ ဖြည့်ကျင့်ရမည်”
“နေနည်းရှေးကျ၊သင်နည်းခေတ်မီ”ဟူသောတက္ကသိုလ်၏လမ်းညွှန်မူဝါဒကိုအစဉ်ဂရုပြုရမည်။

“နေနည်းရှေးကျ၊သင်နည်းခေတ်မီ”

“နေနည်းရှေးကျသင်နည်းခေတ်မီ” ဟူသောဩဝါဒတော်သည် အနက်အဓိပ္ပါယ်အားဖြင့် ကျမ်း တစ်စောင်ပေတစ်ဖွဲ့ရေးရလောက်အောင်ကျယ်ဝန်းလှပေသည်။
အကျဉ်းချူပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
နေနည်းရှေးကျ ဆိုသည်မှာ ဝိနည်းမာမက၊ဓမ္မမာမက ဖြစ်တော်မူကြသော အရှင်ကောင်းတို့၏သာသနာ့ ရှေးရိုးလမ်းစဉ်ကိုမြတ်နိုးစွာ လိုက်နာသောရိုးရှင်းသောဘဝနေနည်း ပင်ဖြစ်သည်။
သင်နည်းခေတ်မီ ဆိုသည်မှာ “သု စိ ပု ဘာ ဝိ လိသိ ဓာ” ဟူသောအင်းဝခေတ် ရှေးမထေမြတ်တို့၏သင် နည်းပင်ဖြစ်သည်။

မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်၏ဆောင်ပုဒ်

မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်၏ဆောင်ပုဒ်မှာ “သီလပရိဓောတာ ပညာ၊ ပညာ ပရိဓောတံ သီလံ” ဟူ၍ဖြစ်သည်။
“ပညာကိုသီလဖြင့်ထက်ဝန်းကျင်ဆေးကြောသုတ်သင်အပ်၏။
သီလကိုပညာဖြင့်ထက်ဝန်းကျင်ဆေးကြော သုတ်သင်အပ်၏။ တစ်နည်းပညာကိုသီလသည်ဖြူစင်စေအပ်သည်။
(ဝါ) ပညာသည် သီလကြောင့်ဖြူစင်၏။ သီလကိုပညာသည်ဖြူစင်စေအပ်၏။
(ဝါ) သီလသည် ပညာကြောင့်ဖြူစင်၏။

နောက်ခံသမိုင်းကြောင်း

ဤတက္ကသိုလ် ကို “သီဟိုဠ် မဟာဝိဟာရ ကျောင်းတိုက်နေ ရှေမထေရ်ကြီးတို့၏ဂုဏ်တော် ကျေးဇူးတော်တို့ ကို အောက်မေ့လျှက်ယခုမဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်တည်ရှိရာ မဟာဝိဟာရတောရစာသင်တိုက်ကြီးကို” တည်ထောင်ခဲ့ပါသည်။

သီဟိုဠ်မဟာဝိဟာရကျောင်းတိုက်ကြီး

ဒေဝါနံပိယတိဿမင်းက အရှင်မဟိန္ဒအား မေဃဝန်ဥယျာဉ်ကိုလှူပြီး ထိုဥယျာဉ်၌ မဟာဝိဟာရမည်သော သံဃအရာမ် ကျောင်းတိုက်ကြီးကိုတည် ဆောက်လှူဒါန်းသည်။
ထိုကျောင်းတိုက်ကြီး၌ ရဟန်းတော် (၃၀၀၀) အမြဲသီတင်းသုံးတော်မူခဲ့သည်။ မဟာဝိဟာရကျောင်းတိုက်ကြီး စတင်တည်ထောင်ခဲ့သည်မှ သာသနာနှစ် ၄၄၀ ပြည့်၌ နန်းတက်သော ဝဋ္ဋဂါမဏိမင်းအုပ်ချုပ်သည်အထိ မဟာဝိဟာရကျောင်းတိုက်ကြီး၏ ဓမ္မဝိနယသာသနာတော်သည် အနှောင့်အယှက်ကင်းစွာ စည်ပင်တိုးတက်ခဲ့သည်။ ဝဋ္ဋဂါမဏိမင်း သည် စစ်ရှုံး၍ ထွက်ပြေးခဲ့ရ၏ ၁၄နှစ်ကြာအောင်းလျက် မထင်မရှားအသွင်ဖြင့် နေခဲ့ရ၏။
ထိုကာလအတွင်း ဒါ,ကာများ လူမှုစီးပွားကပ်ဆိုက်နေသဖြင့် သံဃာတော်များ ပစ္စည်းလေးပါး မပြည့်စုံခဲ့ကြသည်။ ရဟန်းတော်များစွာသည် ဇမ္ဗူဒိပ်ကျွန်းခေါ် အိန္ဒိ,တိုက်တောင်ဘက်သို့ကူးလျက် ဓမ္မဝိနယကို နှုတ်တက်အာဂုံဆောင်တော်မူခဲ့ကြသည်။ သီဟိုဠ်ကျွန်း၌ ကျန်ရစ်ခဲ့ကြသော မထေရ်များသည် ရတတ်သမျှ သစ်ဥသစ်ဖု မြက်သစ်ရွက်တို့ဖြင့်သာ မျှတတော်မူရင်း (၁၂)နှစ်တိုင်တိုင် အဋ္ဌကထာနှင့် ပိဋကတ်သုံးပုံကို မယုတ်လျော့ရအောင် နှုတ်တတ်အာဂုံဆောင်တော်မူခဲ့ကြရရှာသည်။ မဟာဝိဟာရကျောင်းတိုက်နေ အရှင်တို့သည် ပါဠိဘာသာဖြင့် မူရင်းအတိုင်း သန့်စင်စွာတည်ရှိနေသော ရှေးဟောင်းပိဋကတ်သုံးပုံကိုသာလျှင် လက်ခံသင်ယူပို့ချကျင့်သုံးတော်မူကြ၏။ နှုတ်ငုံပါဌ်ဖြင့်သာလျှင် ဆောင်ထားကြကုန်၏။ ထိုသို့ဆင်းရဲ ကျပ်တည်းသော ခေတ်ကာလကြီးအတွင်း နောင်လာနောင်သားတို့ သတိပညာဆုတ်ယုတ်မည်ကို မြော်မြင်တော်မူကြသောကြောင့်လည်းကောင်း၊ အဋ္ဌကထာနှင့် တကွသော ပိဋကတ်သုံးပုံကို ပေထက်အက္ခရာ၌ ရေးတင်ထားရန် အားထုတ်တော်မူခဲ့ကြသည်။
သို့ဖြစ်၍ အနုရာဓမြို့မှ (၆၈)မိုင်အကွာဝေးသော မလယဇနပုဒ် မတုလမြို့အနီး၊ အာလောကလိုဏ်ဂူ၌ သီတင်းသုံးတော်မူကြလျက် ထိုနယ်အကြီးအကဲဖြစ်သူ၏ အစောင့်အရှောက်အကူအညီဖြင့် ဆင်းရဲပင်ပန်းစွာ ပေထက်အက္ခရာတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်တော်မူခဲ့ကြရရှာ၏။ ထိုသို့ ပေထက်အက္ခရာတင်ခြင်းကိစ္စကို လက်ဦးမှု ရယူဆောင်ရွက်နိုင်ခဲ့သောကြောင့်သာလျင် မဟာဝိဟာရကျောင်းတိုက်ကြီးက လက်ဆင့်ကမ်း လက်ခံနှုတ်ငုံဆောင်လာခဲ့သော ပိဋကတ်တော်တို့သည် အဓမ္မဝါဒီတို့၏ စွက်ဖက်နှောက်ယှက်ခြင်းမှ ကင်းဝေးခွင့်ရခဲ့၏၊
ဤတက္ကသိုလ်သည် နေနည်းရှေးကျ သင်နည်းခေတ်မီ ဟူသော ရှေးမထေရ်မြတ်တို့၏ ဩဝါဒဖြင့် တည်ထောင်အပ်သော ဗုဒ္ဓတက္ကသိုလ်ဖြစ်ပါသည်။ ဝိနည်းဆောင် ရဟန်းတော်များ မွေ့ပျော်ရာ ဗုဒ္ဓတက္ကသိုလ်ဖြစ်ပြီး ဤတက္ကသိုလ်ကို ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၂)ရက်၊ တနင်္ဂနွေနေ့တွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်ကြီး) အမှူးပြုသော ဆရာတော်ကြီးများက ဖွင့်လှစ်တော်မူခဲ့ကြသည်။ အေးချမ်းသာယာ တောရဆရာတော်ကြီး (ဤတက္ကသိုလ်၏ အဓိပတိ) နှင့် နိုင်ငံတော်ပရိ,တ္တိသာသနာ့ တက္ကသိုလ် ဝိနယမဟာဌာနပါမောက္ခ၊ ဌာနမှူး၊ မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာတော်ဘုရားတို့သည် ဤတက္ကသိုလ်၏ အရှေ့သွား ခေါင်းဆောင်လည်းဟုတ်၊ အတိုင်ပင်ခံမထေရ် တို့လည်း ဖြစ်တော်မူကြကုန်၏၊ ဤတက္ကသိုလ်ကို ဝိနည်း အလေးဂရုပြုတော်မူကြကုန်သော ဆရာတော်ကြီးများ လွန်စွာနှစ်သက်အားပေးတော်မူလျက် ရှိကြပါသည်။ ဤတက္ကသိုလ်၏ အဓိပတိဆရာတော်၊ ပါမောက္ခချုပ်ဆရာတော်၊ ကျေးဇူးတော်ရှင် ဩဝါဒ စရိ, ဆရာတော်ကြီးများ၊ မဟာနာယက နှင့် နာယကဆရာတော်ကြီးများ၏ ဩဝါဒများဖြင့် လည်းကောင်း မဟာဝိဟာရ ဓမ္မဝိနယတက္ကသိုလ် ဖောင်ဒေးရှင်းအဖွဲ့ကြီးနှင့် ရပ်နီးရပ်ဝေးမှ အလှူရှင်တို့၏ ပစ္စယာနုဂ္ဂဟ စွမ်းအားတို့ဖြင့် လည်းကောင်း
ဤဗုဒ္ဓတက္ကသိုလ်သည် နဝမ နှစ်သင်တန်းကာလ များသို့ အောင်မြင်စွာ ရောက်ရှိလာပြီးဖြစ်ပါသည်။ ဤတက္ကသိုလ်၌ ယခုနှစ်တွင် အကြိုဒီပလိုမာသင်တန်း၊ ဘွဲ့ကြိုဒီပလိုမာသင်တန်း၊ ဘီအေ(ဓမ္မဝိနယ) သင်တန်း၊ ဘွဲ့လွန် ဒီပလိုမာ (ပါဠိ/သက္ကတ) သင်တန်း၊ မဟာဝိဇ္ဇာ(ဓမ္မဝိနယ) သင်တန်း၊ မဟာဝိဇ္ဇာ(ပါဠိ/သက္က) သင်တန်း၊ တက္ကသီလဓမ္မာစရိယ သင်တန်း၊ စုစုပေါင်း သင်တန်း ၇ ခု ဖွင့်လှစ်လျက်ရှိပါသည်။ မဟာဝိဟာရဆရာတော်ဘုရားသည် ဤတက္ကသိုလ်၏ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်တော်မူလျက်ရှိပါသည်။

တက္ကသိုလ်အကြောင်း