“ပညာကိုသီလဖြင့်ထက်ဝန်းကျင်ဆေးကြောသုတ်သင်အပ်၏။ သီလကိုပညာဖြင့်ထက်ဝန်းကျင်ဆေးကြော သုတ်သင်အပ်၏။ တစ်နည်းပညာကိုသီလသည်ဖြူစင်စေအပ်သည်။ ပညာသည် သီလကြောင့်ဖြူစင်၏။ သီလကိုပညာသည်ဖြူစင်စေအပ်၏။သီလသည် ပညာကြောင့်ဖြူစင်၏။” - မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်၏ဆောင်ပုဒ်

သင်ကြားနိုင်သောဘွဲ့များ

Pre-Diploma Course
(အကြိုဒီပလိုမာသင်တန်း)

သင်တန်းကာလ: (၂)နှစ်

  • အလတ်တန်းတန်းအောင်မြင်ရမည်၊သာမဏေကျော်ဒုတိယအဆင့်အောင်မြင်သူဖြစ်ရမည်၊
    ပြင်ပပညာရေးတွင်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

Diploma in Dhamma-Vinaya
(ဘွဲ့ကြိုဒီပလိုမာသင်တန်း)

သင်တန်းကာလ: (၁)နှစ်

  • Pre-Diploma in Dhamma-Vinaya တန်းကိုအောင်မြင်ထားသူဖြစ်ရမည်။
    ဘွဲ့ရပြီးသောပုဂ္ဂိုလ်များသည် Pre-Diploma အတန်းကိုမတက်ရောက်ဘဲ Diploma အတန်းဝင်ခွင့်ကိုဖြေဆိုတက်ရောက်နိုင်သည်။

B.A in Dhamma-Vinaya
(ဝိဇ္ဇာဘွဲ့ ဓမ္မ-ဝိနယ)

သင်တန်းကာလ: (၂)နှစ်

  • Diploma in Dhamma – Vinaya ရရှိသူဖြစ်ရမည်။

M.A in Dhamma-Vinaya
(မဟာဝိဇ္ဇာဘွဲ့ ဓမ္မ-ဝိနယ)

သင်တန်းကာလ: (၂)နှစ်

  • B.A in Dhamma-Vinaya ဘွဲ့ရရှိထားသူဖြစ်ရမည်။

Post Graduate Diploma in Pali-Sanskrit
(ဘွဲ့လွန်ဒီပလိုမာသင်တန်း ပါဠိ-သက္ကတ)

သင်တန်းကာလ: (၁)နှစ်

  • ဓမ္မာစရိယဘွဲ့တခုရရမည် (အစိုးရဓမ္မစရိယ၊ တက္ကသိုလ်ဓမ္မာစရိယ၊ အသင်းခုခုမှဓမ္မာစရိယ)။
    သို့မဟုတ်တက္ကသိုလ်မှဓမ္မဝိနယဆိုင်ရာဘွဲ့တစ်ခုရရှိထားရမည်။

M.A in Pali-Sanskrit
(မဟာဝိဇ္ဇာဘွဲ့ ပါဠိ-သက္ကတ)

သင်တန်းကာလ: (၂)နှစ်

  • Diploma in Pali-Sanskrit တန်းသို့တက်ရောက်အောင်မြင်ထားသူဖြစ်ရမည်။

B.A
(တက္ကသီလ ဓမ္မာစရိယ)

သင်တန်းကာလ: (၄)နှစ်

  • အကြီးတန်းအောင်မြင်ရမည်။
    သို့မဟုတ်သာမဏေကျော်အောင်မြင်ထားသူဖြစ်ရမည်။

သင်တန်းသားအရည်အချင်း

အထက်ပါသင်တန်းများသို့ တက်ရောက်လိုသူများသည်:

(က) အသက် (၃၀) ၊ သိက္ခာတော် (၁၀) ဝါ အတွင်းဖြစ်ရပါမည်။ (သဒ္ဓါတရားလွန်စွာထက်သန်သူများ အတွက် အသက်ကိုခြွင်းချက်ထားရှိပါမည်။)
(ခ) ဝိနည်းတော်ကို အထူးမြတ်နိုးလိုက်နာနိုင်သူဖြစ်ရပါမည်။
ဘိက္ခုပါတိမောက် တစ်စောင် အာဂုံဆောင်နိုင်သူဖြစ်ရမည်။
(ဂ) ပရိသဒူသက ပုဂ္ဂိုလ်မျိုး မဖြစ်စေရ။
(ဃ) အဆောင်နေ စာသင်သား ရဟန်း သာမဏေများ ဖြစ်ရမည်။