နောက်သို့

သင်တန်းသားသစ် လျှောက်လွှာခေါ်ယူခြင်း

April 28, 2025
သင်တန်းသားလျှောက်လွှာများခေါ်ယူခြင်း
မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်၏ ၂၀၂၅-၂၆ ပညာသင်နှစ် သင်တန်းများကို ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂)ရက်နေ့၊ ၁၃၈၇ ခုနှစ်၊ နယုန်လဆန်း (၇) ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
ဖွင့်လှစ်မည့်သင်တန်းများ
၁။ Pre-Diploma Course (အကြိုဒီပလိုမာသင်တန်း) သင်တန်းကာလ (၂)နှစ်
၂။ Diploma in Dhamma-Vinaya (ဘွဲ့ကြိုဒီပလိုမာသင်တန်း) သင်တန်းကာလ (၁) နှစ်
၃။ B.A in Dhamma-Vinaya (ဝိဇ္ဇာဘွဲ့) သင်တန်းကာလ (၂) နှစ်
၄။ M.A in Dhamma-Vinaya (မဟာဝိဇ္ဇာဘွဲ့ ဓမ္မ-ဝိနယ) သင်တန်းကာလ (၂)နှစ်
၅။ Post Graduate Diploma in Pali-Sanskrit (ဘွဲ့လွန်ဒီပလိုမာသင်တန်း) သင်တန်းကာလ (၁)နှစ်
၆။ M.A in Pali-Sanskrit (မဟာဝိဇ္ဇာဘွဲ့ ပါဠိ-သက္ကတ) သင်တန်းကာလ (၂) နှစ်
၇။ B.A (တက္ကသီလ ဓမ္မာစရိယ) သင်တန်းကာ (၄) နှစ်
သင်တန်းသားအရည်အချင်း
အထက်ပါသင်တန်းများသို့ တက်ရောက်လိုသူများသည်
(က) အသက်(၃၀) ၊ သိက္ခာတော်(၁၀)ဝါ အတွင်းဖြစ်ရပါမည်။(သဒ္ဓါတရားလွန်စွာထက်သန်သူများ အတွက် အသက်ကိုခြွင်းချက်ထားရှိပါမည်။)
(ခ) ဝိနည်းတော်ကို အထူးမြတ်နိုးလိုက်နာနိုင်သူဖြစ်ရပါမည်။ ဘိက္ခုပါတိမောက် တစ်စောင် အာဂုံဆောင်နိုင်သူဖြစ်ရမည်။
(ဂ) ပရိသဒူသက ပုဂ္ဂိုလ်မျိုး မဖြစ်စေရ။
(ဃ) အဆောင်နေ စာသင်သား ရဟန်း သာမဏေများ ဖြစ်ရမည်။
၁။ Pre-Diploma in Dhamma Vinaya သင်တန်း တက်ရောက်လို သူများသည် အလတ်တန်း တန်းအောင်မြင်ရမည်၊သာမဏေကျော် ဒုတိယအဆင့် အောင်မြင်သူဖြစ်ရမည်၊ ပြင်ပပညာရေး တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
၂။ Diploma in Dhamma Vinaya သင်တန်း တက်ရောက်လိုသူများသည် Pre-Diploma in Dhamma-Vinay တန်းကို အောင်မြင်ထားသူဖြစ်ရမည်။ ဘွဲ့ရပြီးသော ပုဂ္ဂိုလ်များသည် Pre-Diploma အတန်းကို မတက်ရောက်ဘဲ Diploma အတန်းဝင်ခွင့်ကို ဖြေဆိုတက်ရောက်နိုင်သည်။
၃။ B.A in Dhamma-Vinaya (ဝိဇ္ဇာဘွဲ့-ဓမ္မဝိနယ) သင်တန်း သို့ တက်ရောက်လိုသူများသည် Diploma in Dhamma – Vinay ရရှိသူ ဖြစ်ရမည်။
၄။ M.A in Dhamma-Vinay (မဟာဝိဇ္ဇာဘွဲ့-ဓမ္မဝိနယ) သင်တန်းသို့ တက်ရောက်လိုသူများသည် B.A in Dhamma-Vinaya ဘွဲ့ရရှိထားသူဖြစ်ရမည်။
၅။ Post Graduate Diploma in Pali-Sanskrit (ဘွဲ့လွန်ဒီပလိုမာ ပါဠိ-သက္ကတ) တန်းသို့ တက်ရောက်လိုသူများသည် ဓမ္မာစရိယ ဘွဲ့တခုရရမည် (ဓမ္မာစရိယဘွဲ့ ဆိုသည်မှာ အစိုးရဓမ္မစရိယ၊ တက္ကသိုလ်ဓမ္မာစရိယ၊ အသင်းခုခုမှဓမ္မာစရိယ)။ သို့မဟုတ် တက္ကသိုလ်မှ ဓမ္မဝိနယ ဆိုင်ရာ ဘွဲ့တစ်ခု ရရှိထားရမည်။
၆။ M.A in Pali-Sanskrit (မဟာဝိဇ္ဇာဘွဲ့ ပါဠိ-သက္ကတ) တန်းသို့ တက်ရောက်လိုသူများသည် Diploma in Pali-Sanskrit တန်းသို့ တက်ရောက်အောင်မြင်ထားသူဖြစ်ရမည်။
၇။ B.A တက္ကသီလဓမ္မာစရိယ သင်တန်းသို့ တက်ရောက်လိုသူများသည် အကြီးတန်း အောင်မြင်ရမည်။(သို့မဟုတ်) သာမဏေကျော် အောင်မြင်ထားသူဖြစ်ရမည်။
၈။ ဝင်ခွင့်လျှောက်လွှာနှင့်အတူ မေးခွန်းဟောင်း/မေးခွန်းနမူနာများ၊ ပြဌာန်းကျမ်းများကို မော်ကွန်းထိန်းဌာနတွင် အခမဲ့ထုတ်ယူနိုင်ပြီး သက်ဆိုင်ရာသင်တန်းအလိုက် အသေးစိတ် အချက်အလက်များကို မော်ကွန်းထိန်းဌာနတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ (ဖုန်း-၀၉-၄၄၁၉၀၄၇၆၃၊ ၀၉-၆၇၄၈၉၇၇၅၀၊ ၀၉-၉၆၆၆၅၆၆၇၈)
၉။ အထက်ဖော်ပြပါသင်တန်း အားလုံးအတွက် သင်တန်းကြေးပေးသွင်းရန်မလိုပါ။
၁၀။ ဝင်ခွင့်လျှောက်လွှာများကို ၂၀၂၅ ခုနှစ်၊ မေလ(၃၀)ရက်နေ့ နောက်ဆုံးထား၍ တက္ကသိုလ် မော်ကွန်းထိန်းဌာနသို့ ပြန်လည်ပေးပို့ကြရပါမည်။
၂၀၂၅-၂၆ ပညာသင်နှစ်အတွက် မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်တွင် ဖွင့်လှစ်သင်ကြားမည့် အထက်ပါသင်တန်းများကို တက်ရောက်လိုကြသော စာသင်သားသံဃာတော်များသည် ဝင်ခွင့် လျှောက်လွှာ များကို ၂၀၂၅ ခုနှစ်၊ မေလ၊ ၁ ရက်နေ့မှစ၍ တက္ကသိုလ် မော်ကွန်းထိန်းဌာနတွင် လာရောက် ထုတ်ယူနိုင်ပါသည်။ တက္ကသိုလ် E-mail – mdu.edu2016@gmail.com သို့လည်း ဝင်ခွင့်လျှောက်လွှာများကို တောင်းခံထုတ်ယူ၍ လျှောက်ထားနိုင်ပါသည်။တက္ကသိုလ် website – https://mahavihara-international.org တွင်လည်း လျှောက်ထားနိုင်ပါသည်။